ads

Thursday, February 7, 2019

စာရေးသူ MM


  သူခိုးကြီးညနှင့်ပေါက်ကြီးသရဲ
======================

ရေးသူ=MM

ကျွန်တော့ နာမည်က MM ကျွန်တော်နေတဲ့နေရာကတော့ ရွှေတံခါးလို့ခေါ်တယ်ဗျ ရွာလည်းမရောက် မြို့လည်းမကျတဲ့နေရာပေါ့ဗျာ ကျွန်တော်က ရာဇဖွားဗျ ဒါကြောင့်လည်း ဂမ္ဘီရ အကြောင်းတွေ လွတ်စိတ်ဝင်စားတာဗျို့  အဲ့လိုစိတ်ဝင်စားလို့လဲ ပြေးရတာ မနည်းတော့ဘူး "ဟေ့ MM ရေ ဘာလုပ်နေလဲကွ" အိမ်ရှေ့ကနေ လှမ်းမေးတာဗျ ကျွန်တော်က မန်ကျည်းပင်ပေါ်မှာဗျ အမေချက်ဖို့ မကျည်းသီး ခူးပေးနေတာဗျို့  ကျွန်တော်လည်း အသံကြားလို့လှမ်းကြည့်လိုက်တော့ ကျော်ကြီး မှန်းသိလိုက်ရတယ် ကျော်ကြီးက ကျွန်တော့ အချစ်ဆုံးသူငယ်ချင်းဗျ ဝါသနာတူတွေ ပရလောက အကြောင်းတွေလွတ်စိတ်ဝင်စားတာဗျို့  ဒါနဲ့ကျွန်တော်လည်း "ဟာကျော်ကြီးလာခဲ့လေကွာ" လို့ခေါ်လိုက်တယ် ကျွန်တော်ခေါ်လိုက်တာနဲ့ ကျော်ကြီးလည်းဝင်လာပေါ့ဗျာ ကျွန်တော်လည်း မကျည်းပင်ပေါ်ကဆင်းပီး အိမ်ရှေ့ ကွပ်ပစ်မှာ ဝင်ထိုင်လိုက်တယ် ကွပ်ပစ်ဆိုတာ သစ်ပင်ကိုအလယ်မှာထားပီး ဆောက်ထားတဲ့ ဝါးတဲလေးဗျ အရမ်းအေးချမ်းတာပေါ့ဗျာ "ဟေ့ကောင် mm ဒီနေ့အစီအစဉ်တစ်ခုရှိတယ်ကွ"ကျော်ကြီးက ပြောတာဗျ "ဘာများလည်းကွ" လို့စကားစပေးလိုက်တယ် အဲ့မှာမှစပြောတာဗျ "ဟာ မင်းကလည်း ဒီနေ့သူခိုးကြီးညလေကွာ" "အေးလေဘာဖြစ်လို့လည်း" လို့ပြန်မေးလိုက်တယ် "ဟာ မင်းမှာလည်း မေ့တတ်လိုက်တာ ဟိုတစ်ပတ်က ငါတို့သူငယ်ချင်းတွေပြောထားတဲ့ကိစ္စလေကွာ" ကျွန်တော်သဘောပေါက်လိုက်ပီဗျ
ယုန်ခိုးဖို့ကိစ္စကိုပြောတာဗျ အမှန်တော့ ယုန်ခိုးဖို့က အဓိက မဟုတ်ဘူးဗျ ယုန်တွေမွေးထားတဲ့ခြံမှာ သရဲအခြောက်ကြမ်းတယ်ဆိုလို့ သွားစုံစမ်းမှာဗျ အဲ့ဒီကိစ္စခေါင်းဆောင်ကတော့ ကျွန်တော်လေဗျာ "အေးကွ ဘယ်သူတွေလိုက်အူးမှာလဲ" ကျွန်တော်မေးလိုက်တာဗျ "ကျော်ကြီး မင်းရှာလိုက်ရတာမောလို့ မှုတ်ရှည်ရွာဘက်တောင်ရောက်ခဲ့သေးတယ်" အပြင်ဘက်က အသံကြားတာဗျို့  ကျော်ကြီးနဲ့ကျွန်နော်လှည့်ကြည့်တော့ သက်အောင်ဗျ အဲ့ကောင်က ကျွန်တော်တို့သူငယ်ချင်းတွေထဲမှာ အားကိုးရဆုံး သူငယ်ချင်းဗျို့  ဗလတောင့်တောင့် အသားမဲမဲ အရပ်ရှည်ရှည် ပုံစံဗျ "ဟာ သက်အောင်လာလေကွာလို့ခေါ်လိုက်တယ်" သူကလည်းဝင်လာပြီး ကွပ်ပစ်မှာဝင်ထိုင်တယ်ဗျ ကျွန်တော်လည်း လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းချပေးလိုက်တယ်ဗျ ဒီလိုချပေးတာလည်း ကျွန်တော်လို့ ရွာဘက်ကဓလေ့ပေါ့ဗျာ "သက်အောင် မင်းသူခိုးကြီးည အစီအစဉ်အတွက် လာတာမို့လား" လို့ ကျော်ကြီးကမေးတယ်ဗျ "အေးကွ ဟုတ်တယ် အဲ့ကိစ္စလာခဲ့တာ" "ဘယ်သူတွေပါသေးလဲ သက်အောင်" ကျွန်တော်မေးလိုက်တာဗျ "အေးကွ ရှည်ကြီးပါလိမ့်မယ် " ရှည်ကြီးနာမည်အရင်းကတော့ ရဲထက်ဗျ အရပ်ကရှည်တော့ ကျွန်တော်တို့သူငယ်ချင်းတွေကနောက်ပီး ရှည်ကြီးလို့ခေါ်တာဗျ

"ဘယ်နှစ်ယောက်သွားမှာလဲကွ"
 ကျော်ကြီးကဝင်မေးတာဗျို့  "အေးကွ ခြောက်ယောက်လောက်သွားမှအဆင်ပြေမှာကွ"ကျွန်တော်ပြောလိုက်တာဗျ "ဘာလို့လဲကွ လူတွေများနေမှာပေါ့"ကျော်ကြီးကမေးတာဗျို့  "မဟုတ်ဘူး ကျော်ကြီးရ သရဲအရမ်းခြောက်တဲ့နေရာသွားမှာဆိုတော့ လေးယောက်ကသွားကြည့်ဖို့ သုံးယောက်ကစောင့်ဖို့" ဒါတော့လည်းဟုတ်သားပဲကွ
"ဒါနဲ့မင်းဘယ်သူတွေခေါ်မှာလဲကွ mm ရ" သက်အောင်ကမေးတာဗျို့  "ဒါအတွက်ငါ လူစီစဉ်ပီးပါပီကွ"
"ဟေ ဟုတ်လား ဘယ်သူတွေများတုန်းကွ" "ဘယ်သူရှိမှာတုန်းကွ ငါတို့သူငယ်ချင်းတွေပေါ့ လွင်ကြီးရယ် ပူတူးရယ် ခွေးပုရယ်ပေါ့ကွ " "ပူတူးကိုခေါ်လို့ဖြစ်ပါ့မလားကွ "ကျော်ကြီးကမေးတာဗျ "သူဘာလို့မေးတာလဲ ကျွန်တော်သိတယ်လေ ဘာလို့လဲဆိုတော့ ပူတူးက နည်းနည်းထူတယ်ဗျ ထူတယ်ဆိုတာ ပြောရင် သိပ်နားမလည်ဘူးလို့ပြောတာဗျ "အေး ဖြစ်ပါတယ်ကွ သူက ထူတယ်ဆိုပေမယ့် သစ္စာရှိတယ်ကွ သူငယ်ချင်းအချင်းချင်းကူညီတယ်" ဒါတော့ဟုတ်တယ်ကွ "လို့သက်အောင်ကပြောတာဗျ

 "ဒါဆိုငါတို့ ညနေ တောင်ပေါ်မှာဆုံမယ်ကွာ"
အေးသဘောတူတယ်ကွာလို့ အတူတူပြောလိုက်ကြတယ်
ကျွန်တော်နေတာက တောင်အောက်ပိုင်းဗျ သက်အောင်ကတော့ တောင်ပေါ်ပိုင်းမှာဗျ

ညသွားရမှာက သရဲခြောက်ကြမ်းတဲ့နေရာဆိုတော့ ကျွန်တော်ပြင်ဆင်ပြီလေဗျာ ကျွန်တော်တို့သူငယ်ချင်းတွေစုဝယ်ထားတဲ့စာအုပ်ရှိတယ်ဗျ အဲ့စာအုပ်ထဲကအတိုင်း အင်းတွေ အဆောင်တွေ ဂါထာ တွေပြင်ထားတာပေါ့စာအုပ်ထဲက အချို့ ဟာတွေက ကျွန်တော်တို့စမ်းပြီးသားဗျ ဥပမာ တုတ်ပီး ဓားပီးဆေးတွေ အဆောင်တွေပေါ့ဗျာ ခင်းဗျားတို့လိုချင်ရင် ကျွန်တော်တို့ဆီကိုလာခဲ့ပေါ့ဗျာ
နေ့ခင်းကတည်းက ပြင်ဆင်တာ ညနေ သုံးနာရီမှပြီးတယ်ဗျ  ပြင်ဆင်ပြီးတာနဲ့ ရေးချိုးပြီး တောင်ပေါ်တက်ပြီလေ ကျော်ကြီးနဲ့က အိမ်ချင်းနီးတော့ ဝင်ခေါ်ပြီး တောင်ပေါ်အတူသွားတာပေါ့ တောင်ပေါ်နဲ့ကျူ ပ်အိမ်နဲဆို တစ်တိုင်ကျော်လောက်တော့ဝေးတယ်ဗျ ၁၀ မိနစ်လောက်ကြာတော့သက်အောင်အိမ်ကိုရောက်ပီလေဗျာ သူ့အိမ်က တစ်ထပ်အိမ်ပဲဗျ ပျဉ်ထောင်အိမ်ပုံစံမျိုးဗျို့  "ဟေး သက်အောင်ရေ" ကျွန်တော်တို့နှစ်ယောက်လုံး ပြိုင်တူအော်ခေါ်လိုက်တယ်ဗျ "ဟေ ဘယ်သူတွေတုန်းကွ" သက်အောင်တော့မဟုတ်ဘူးဗျ သူ့အဖေကြီး ပြောတာ "ဦးလေး သက်အောင်ရောဗျ " ကျွန်တော်မေးလိုက်တာဗျ "သက်အောင်မရှိဘူး"  "ဗျာ ဘယ်သွားလို့တုန်း ဦးလေး" ကျော်ကြီးကမေးတာဗျ
"သူရွာမှာအရေးကြီးလို့ခဏသွားတယ်" "ဟာကွာ ဘယ်လိုလုပ်မလဲ mm" " ရပါတယ်ကွာ ငါတို့ရှိတဲ့သူနဲ့ပဲသွားတာပေါ့" အေးဒီလိုပဲလုပ်ရတော့မှာတော့ ဒါနဲ့ကျွန်တော်တို့လွင်ကြီးကိုသွားခေါ်ပြီဗျို့ လွင်ကြီးကနေမှ ပူတူးခွေးပုတို့ကိုသွားခေါ်မှာဗျ " လွင်ကြီးရေ လွင်ကြီး" ဟေဘယ်သူတုန်းက လာပြီ လာပြီ "  "ငါတို့ပါကွ mm လေကွာ" အေးလာပြီ လာပြီ
သူဆင်းလာပြီဗျ "မင်းအဆင်သစ်ဖြစ်ပြီလားကွ" ကျော်ကြီးကမေးလိုက်တာဗျ " "အေးဖြစ်ပြီကွ အဆင့်သင့်ပဲ" "ဒါဆိုသွားရအောင်ကွာ" လို့ကျွန်တော်ပြောလိုက်တာဗျ "ဟေ့ကောင် mm မင်းအကုန်စီစဉ်ထားရဲ့လား" လွင်ကြီးက စိုးရိမ်တဲ့မျက်နှာနဲ့မေးတာဗျ " အေး ငါအကုန်စီစဉ်လာပါတယ်ကွ မစိုးရိမ်ပါနဲ့ " "အေးအေး ပြီးရောကွာ သွားမယ်" ပူတူးနဲ့ ခွေးပုကိုသွားခေါ်ပြီးကျွန်တော်တို့သွားကြတာပေါ့ကွာ ခွေးပုရဲ့ နာမည်အရင်းက အောင်ဇော်မင်းဗျ လွင်ကြီးနဲ့ညီကိုတော်တယ်ဗျ လွင်ကြီးက ညီပေါ့ ပူတူးရဲ့နာမည်အရင်းကတော့ လင်းထက်ဗျ ကျွန်တော်တို့စထွက်တော့ ၈ နာရီဗျ တောင်ပေါ်ကနေပဲသွားကြတာဗျ မှုတ်ရှည်သွားတဲ့ဘက်မှာပဲဗျ လမ်းကတော့ ရွာဘက်ဆိုတော့ မှောင်တော့မှောင်တယ်ဗျ  " မပူပါနဲ့ကွာ ငါ့မှာဓာတ်မီးပါ ပါတယ်ကွ" ကျော်ကြီးက အားလုံးကိုစီစဉ်လာတဲ့ပုံပဲဗျ ဓာတ်မီးသုံးလက်ပါလာတယ်ဗျ တစ်လက်ကတော့ အကြီးဗျ သုံးတောင့်ထိုး နှစ်လက်ကတော့ အသေး နှစ်တောင့်ထိုးဗျ ခွေးပုကလည်း အားကျမခံပြောတယ် "ငါလည်းစီစဉ်လာပါတယ်ကွ" "ဟေ ဘာများလဲကွ"အားလုံးပြိုင်တူပြောလိုက်တဲ့အသံဗျ "ဒါပဲကွ" သူကပြောရင်းထုတ်ပြတယ် လေသေနတ်လေးပဲဗျ ပစ်စတိုသာသာပဲရှိတယ် သူကိုယ်တိုင်ထွင်ထားတာလေးဗျ  "အားဘယ်လောက်ပြင်းလဲကွ"လွင်ကြီးကမေးတယ်"အေး ငါတို့သွားမှာက လူပြတ်တဲ့နေရာဆိုတော့ အားပြင်းတာလေးယူလာတာကွ" အေးကွာဒါဆိုဆက်သွားကြစို့
၉နာရီလောက်ကြာတော့ ကျွန်တော်တို့ ရောက်ပြီဗျ ယုန်မွေးတဲ့ခြံဆိုတော့မှောင်တယ်
ဗျို့ ဘာကြောင့်လဲတော့မသိဘူးဗျ ခွေးက အရှည်ကြီးအူသွားတယ် ကျွန်တော်တို့အားလုံးရှိန်သွားတာတော့အမှန်ပဲဗျ ဒါပေမယ့် သိချင်စိတ်ကကြီးစိုးနေတော့ မရောက် ရောက်အောင်သွားကြည့်တာပေါ့ဗျာ ယုန်မွေးတဲ့ခြံရဲ့ဒီဘက်မှာ ခြုံ လေးရှိတယ်ဗျ အဲ့ခြုံ လေးထဲကျွန်တော်တို့ဝင်ပြီးအခြေအနေကြည့်နေတာဗျ ခဏနေတော့ အဖွဲ့ခွဲကြတယ်ဗျ ကျွန်တော်ရယ် ခွေးပုရယ် ရှည်ကြီးရယ် ကျော်ကြီးရယ် သွားကြည့်မှာဗျ လွင်ကြီးရယ် ပူတူးရယ်ကိုအစောင့်ထားခဲ့တာဗျ သက်အောင်ကတော့မပါတော့ဘူးဗျို့ ယုန်ခြံ နားကိုဖြည်း ဖြည်းခြင်း ချဉ်းကပ်သွားတာဗျို့
ယုန်ခြံနားရောက်တော့ကြည့်လိုက်တာ ယုန် ၁၀ ကောင်လောက်ရှိတယ်ဗျို့  ဒါနဲ့နီးစပ်ရာ ယုန်တစ်ကောင်ကို ဖမ်းမယ်လုပ်တော့ ထူးဆန်းတာစကြုံ ရတာပဲဗျို့ ယုန်ကလက်ထဲရောက်တာနဲ့ ခြံထောင့်ဘက်က မဲမဲကြီးဗျို့  ကုန်းထလာတာ အစကတော့ဘာမှန်းမသိဘူးဗျ တဖြည်းဖြည်းနဲ့ ကြီးလာမှသရဲမှန်းသိတာဗျ အဲ့မှာခွေးပုက လေသေနတ်နဲ့ ပစ်တယ်ဗျ ဒါပေမယ့် ဟိုဟာကသရဲလေဗျာ ဘယ်ထိမလဲဗျ ဒါနဲ့ကျူ ပ်ကစီစဉ်လာတဲ့ ပရိတ်ရေနဲ့ခဲသီးတွေကို ဖျန်းလိုက်တယ် ခွေးပုကမောင်းချိန်တုန်းပဲရှိသေးတယ် သရဲကအော်ပြေးလာတာဗျို့ ဝူး ဝူးနဲ့ ဗျို့  ရှည်ကြီးကလည်းအော်တာဗျို့  အဲ့ချိန်မှာကျော်ကြီးက  ကျောက်ခဲတစ်လုံးကောက်ပြီး မန်းလိုက်တယ်ဗျ ဘာ ဂါထာလည်းတော့မသိဘူးဗျ ရွတ်တာကလည်း အသံနေ အသံထားမှန်တယ်ဗျာ ရွတ်ပြီးတာနဲ့တမ်းပြီး ပစ်လိုက်တာဗျို့  ဝုန်း ဆိုအသံကြီးမြည်သွားပြီး သရဲကြီးပျောက်သွားရောဗျို့  ကျွန်တော်တို့လည်း ဘာဖြစ်မလဲ စိတ်ဝင်တစားနဲ့စောင့်ကြည့်နေတာဗျို့  အား……ခြုံ ပုတ်ထဲကလာတဲ့အော်သံကြီးဗျ လွင်ကြီးနဲ့ ပူတူးအော်တဲ့အသံဗျ ကျွန်တော်တို့လည်း အမြန်သွားကြည့်တော့ ဟာ ……အားလုံးအံ့သြသွားတာဗျ သရဲကြီးဗျာ မျက်လုံးကြီးက ပုတ်လောက်ရှိတယ် အစွယ်ကြီးတွေမှဖွေးနေတာပဲဗျ အကြီးကြီးတွေပဲ လွင်ကြီးနဲ့ပူတူးတို့နဲ့ ကျွန်တော်တို့နဲ့ဝေးသေးတယ်ဗျ  အဲ့အချိန်ခွေးပုရဲ့ လေသေနတ်က အသုံးဝင်ပြီလေးဗျာ အစွမ်းကုန်မောင်းတင်ပြီပစ်လိုက်တာဗျို့ ဖောင်းခနဲ့ကြားလိုက်ရတယ် အား………ဝူး……… အားဆိုတာက လွင်ကြီးနဲ့ ပူတူးအော်သံဗျ ဝူးဆိုတာက သရဲကြီးကိုမှန်သွားလို့အော်တဲ့အသံဗျ ပရိတ်ရေအစွမ်းကြောင့်သရဲကြီးတော့ တော်တော်အီသွားလောက်တယ်ဗျို့  ခဏလောက်ကြာအောင်စောင့်ကြည့်သေးတယ်ဗျ ဘာမှထူးခြားမလာသေးဘူး ကျွန်တော်က ဆက်နေချင်သေးတယ်ဗျ ပူတူးကလန့်နေတာနဲ့ ပြန်ခဲ့တယ်ဗျ အားလုံးအိမ်ကိုတန်းမပြန်ဖြစ်သေးဘူးဗျ သူခိုးကြီးညဆိုတော့ လျှောက်သွားအူးမယ်ပေါ့ဗျာ "ဒါနဲ့ဘယ်သွားမှာလဲကွ mm ရ" ကျွန်တော့်ကို အားလုံးဝိုင်းမေးတာဗျ "အေး လေယဉ်ကွင်းဘက်သွားမယ်လေကွာ" ရွာမကျ မြို့ မကျဆိုပေမယ့် လေယဉ်ကွင်းတော့ရှိတယ်ဗျ အခုတော့လေယဉ်မဆင်းတော့ဘူးဗျ အစကတော့ ခဏ ခဏဆင်းတယ် "လေယဉ်ကွင်းဘက်ဘာသွားလုပ်မှာလဲmm ရ"ခွေးပုကမေးတယ်ဗျ "ငှက်ပျောတောတွေရှိတယ်လေကွာ"ကျော်ကြီးကဝင်ဖြေတာဗျ "အေးဟုတ်တယ်" ကျွန်တော်ပြန်ပြောလိုက်တာဗျ ဒါနဲ့ကျွန်တော်တို့ယုန်ခြံထဲက သရဲကိစ္စ ပြီးသွားပြီထင်ခဲ့တာတကယ်တော့ မပြီးသေးဘူးဗျ ကျွန်တော်တို့လမ်းလျှောက်တိုင်း နောက်ဘက်က လျှပ် လျှပ် နဲ့ခြေသံကြားရတယ်ဗျ အင်း ကျွန်တော်သိလိုက်ပြီလေ စည်းချရမှာမေ့သွားတယ် ဒါနဲ့ကျွန်တော်စည်းချမလို့ပဲရှိသေးတယ်နောက်က ဝုန်းဆိုတဲ့ အသံကြီးကြားလို့ကြည့်လိုက်တော့ စောစောကသရဲကြီးဗျို့  မျက်လုံးကြီးနီနီနဲ့ကြည့်နေတာ ဒေါသထွက်နေပုံရတယ် ဒီတစ်ခါတော့ ကျွန်တော်တို့ပြေးပြီဗျို့ ရွာပြင်ရောက်တော့ သရဲကြီးက ဆက်မလိုက်တော့ဘူးဗျ ရွာထိပ်ကနေပဲ ဝါး…ဝါး…နဲ့အော်နေတာဗျို့ ကျွန်တော်တို့ကတော့ဆက်ပြေးတုန်းပဲဗျို့  လေယဉ်ကွင်းနားရောက်မှသက်ပြင်းချနိုင်တော့တယ် ကျွန်တော်တို့သင်ခန်းစာရလိုက်တာ တစ်ခုရှိတယ်ဗျို့  အဲ့ဒါကတော့ ကိုယ့်ဘက်ကစလုပ်မယ်ဆိုရင် စည်းချဖို့ပဲဗျို့ နောက်နေ့တော့ လူငယ်တစ်စုသရဲခြောက်ခံရတယ်ဆိုတဲ့ သတင်းက ကျော်ကြားသွားတာပဲဗျို့ ဒါပေမယ့် ကျွန်တော်တို့မှန်းဘယ်သူမှတော့ မသိသွားခဲ့ဘူးပေါ့…
ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်……

Wednesday, February 6, 2019

စာရေးသူ MM

   ဘကြီးဖိုးနှင့်သရဲခေါ်တဲ့ည
====================

ရေးသူ=MM

ကျွန်တော်မှတ်မိသေးတယ်ဗျ မနှစ်ကနွေရာသီပေါ့ဗျာ သူငယ်ချင်းတွေစုပြီးကွပ်ပစ်မှာပူံပြင်တွေနားထောင်ခဲ့တာကိုဗျာ
ကျူ ပ်တို့အရပ်ဘက်က ညဘက်ဆို ကွပ်ပစ်မှာထိုင်ပြီးတော့ ပုံပြင်တွေ ဇာတ်လမ်းတွေပြောပြလေ့ရှိတယ်ဗျ အဲ့ထဲမှာ ဘကြီးဖိုးလို့ ခေါ်တဲ့လူကြီးကတော့ ဗဟုသုတအကြွယ်ဆုံးပဲဗျ ဘကြီးဖိုးရဲ့ပုံစံက အရပ်ရှည်ရှည် အသားဖြူ ဖြူ ဗျ စကားပြောရင်လည်း အသံနေအသံထားမှန်မှန်နဲ့ပြောတာဗျ ဘကြီးဖိုး ပုံပြင်ပြောပြီဆိုရင် ကျွန်တော်အပါအဝင် ရပ်ကွက်ထဲကကလေးတွေ ငြိမ်ပြီးတော့ နားထောင်နေတာဗျ မှတ်မှတ်ရရပါပဲဗျာ မနှစ်ကနွေရာသီက ဘကြီးဖိုးပြောပြတာ သူကိုယ်တိုင်ကြုံခဲ့ရတဲ့ သရဲခေါ်တဲ့ညဆိုတဲ့အကြောင်းလေးဗျ "မင်းတို့သရဲဆိုတာကိုယုံကြလားကွ" ဘကြီးဖိုးကမေးလိုက်တာဗျ"ဟာယုံတာပေါ့ဘကြီးဖိုးရ" ကျွန်တော်တို့သူငယ်ချင်းတစ်စုထပြောလိုက်သည် "အေး ယုံရင်ငါပြောပြမယ်ကွ ငါကြုံခဲ့ရတဲ့ သရဲခေါ်တဲ့ညတစ်ညကို"  "ဟုတ်ဘကြီးဖိုး"  ကျော်ကြီးကပြောလိုက်တာဗျ ကျော်ကြီးအကြောင်းသိတယ်မို့လား မသိဘူးဆိုလည်း ကျွန်တော်ရေးခဲ့တဲ့ 'သူခိုးကြီးညနှင့်သရဲကြီး"ဆိုတဲ့ဝတ္ထုလေးကိုပြန်ဖတ်ကြည့်ဗျာ ငါမှတ်မိသေးတယ်ကွ လွန်ခဲ့သောဆယ်နှစ်ကျော်က ငါရယ် ငါ့သူငယ်ချင်း အောင်ချစ်ရယ်ပေါ့ကွာ သရဲခေါ်ခဲ့တဲ့ညကိုပေါ့ ငါတို့စခေါ်တုန်းကဆိုရင် ဘာမှမလာဘူးကွ အခါသုံးဆယ်လောက်ခေါ်မှလာဗျ " "ဟုတ်လား ဘယ်လိုခေါ်တာလဲဘကြီးဖိုး" ကျွန်တော်ဝင်မေးလိုက်တာဗျ ဒါမျိုးဆိုmmတို့ကဘယ်လက်လွတ်ခံပါ့မလဲဗျ "အေး မင်းသိချင်ရင် ငါပြောပြမှာပေါ့ ဒါပေမယ့် မစမ်းသပ်နဲ့နော်" ကျွန်တော်ဘာမှမပြောဘူးဗျ ငြိမ်ပဲနားထောင်နေလိုက်တယ် "ဒီလိုကွယ့် ငါမြေးတို့ရဲ့ သရဲခေါ်ဖို့ဆိုတာကြိုတင်ပြင်ဆင်ထားရတယ်ကွဲ့ ပထမ စားပွဲတစ်လုံးလိုတယ် အဲ့စားပွဲတစ်လုံးကို အင်းတွေနဲ့ သေချာစီစဉ်ရတယ်  အင်းတွေဆိုလည်း မနည်းဘူးကွဲ့ မြေးတို့ရဲ့ အဘကတော့ တစ်နေကုန်တရားထိုင်နေတာပဲ အဘသူငယ်ချင်းအောင်ချစ်ကသာ အကုန်စီစဉ်ရတာ ဒီလိုနဲ့ည ၁၀ နာရီလောက်ရောက်မှ အမဲသားထုပ်ကိုယူပြီး ရွာပြင်မှာထွက်ခေါ်တာ ရွာပြင်လည်းရောက်ရော အောင်ချစ်က အမဲသားထုပ်ကို အင်းချလိုက်တယ်" ဘာလို့အင်းချတာလဲဘကြီးဖိုး ခွေးပုကဝင်မေးတယ်ဗျ ခွေးပုဆိုတာလွင်ကြီးအကိုလေဗျာ
"အင်းမဖြေပဲနဲ့ အမဲသားကိုစားခွင့်မရှိအောင်ပေါ့ကွာ"လို့ဘကြီးဖိုးပြန်ဖြေလိုက်တယ်ဗျ "ခဏနေတော့ အောင်ချစ်က အင်းချပီးသွားပီပေါ့ကွ ပြီးတော့ပါးစပ်က ရွတ်ခေါ်တယ်ကွ  ဘာတွေရွတ်မှန်းတော့ အဖိုးလည်းမသိဘူးကွ အဲ့မှာအရေးကြီးတာက ခေါ်နေတဲ့အချိန်လက်တွဲထားဖို့ပဲ လက်တွဲဖြု တ်ရင်စည်းပေါက်သွားပြီး ပြေးဖို့ပဲရှိတော့တယ် အဖိုးကတော့ကြောက်လဲကြောက်ဆိုတော့ လက်ကို ကျစ်နေအောင်တွဲထားတာပေါ့ကွာ ခဏနေတော့ သူကအမိန့်ပေးပြီးခေါ်ပြီဗျ 'ဟေ့ ဒီနားမှာရှိနေကြတဲ့ ပရလောကသားတွေ ငါခေါ်နေတယ်ချက်ချင်းလာခဲ့ လာခဲ့' ခေါ်တဲ့သံကတကယ် အာဏာပြင်းတဲ့အသံမျိုးဗျ အဖိုးကတော့သူကိုမေးချင်နေတာ  မင်းဒါတွေဘယ်ကသိလဲပေါ့ကွာ
ခဏနေတော့ အဘတို့အင်းချထားတဲ့အမဲသားထုပ်လှုပ်သွားတယ်ကွ အောင်ချစ်ကသိလိုက်ပြီလေ အမဲသားထုပ်လုနေကြတာကို အဖိုးကမသိတော့ မေးလိုက်တာပေါ့ 'အောင်ချစ် အမဲသားထုပ်ဘာလို့လှုပ်သွားတာလဲကွ' ဒါကအမဲသားလုနေကြတာကွ ဒါပေမယ့် ငါကအင်းချထားတော့ တော်ရုံကောင်တွေစားလို့မရဘူးကွအစွမ်းရှိတဲ့ကောင်ပဲ စားလို့ရတာ ခဏကြာတော့ ဖြတ်… ဘုတ်…ဘုတ်… အဖိုးတို့လန့်သွားတယ် ဘာလို့လဲဆိုတော့ အမဲသားထုပ်ပြေသွားတယ်ကွ ဟာ… အဖိုးပါးစပ်က ယောင်ထွက်သွားတယ် အဖိုးတမ်းပြီးအောင်ချစ်ကိုလှမ်းကြည့်လိုက်တယ် သူကတော့ အေးဆေးပဲဗျ လန့်ပုံမရဘူး ခဏကြာတော့ မောင်ဖိုးရေ မင်းရှောင်နေတော့ အဖိုးသိလိုက်ပြီလေ ပွဲကြမ်းတော့မယ်ဆိုတာ အဖိုးနောက်နည်းနည်းဆုတ်လိုက်တာနဲ့ခဏကြာတော့ အနီရောင်အချောင်းလေးဗျ မောင်ချစ်ကိုလှမ်းပစ်တာ မောင်ချစ်ကလည်း လက်ထဲကအင်းတစ်ချပ်ထုတ်ပြီး ပစ်လိုက်တာ ဝုန်း…ဆိုပြီးအသံကြီးမြည်ပြီးပေါက်သွားတယ်ဗျ အင်းကတော့ မောင်ချစ်လက်ထဲပြန်ရောက်နေပြီကွ "ဟေးမောင်ချစ်မင်း ဘာဖြစ်သွားသေးလဲ "အဖိုး လှမ်းပြောလိုက်တာကွ "ဘာမှမဖြစ်ပါဘူး မောင်ဖိုးရ အေးဆေးပါ မင်းမလာနဲ့ဦးနော် မောင်ဖိုး" "အေးပါကွ အောင်ချစ်ရ ငါမလာပါဘူး" ပြီကျခါမှ အောင်ချစ်က အင်းတစ်ချပ်နိုးပြီး ပစ်လိုက်တာဟေ့ ဝုန်းဆိုပြီး မီးခိုးထသွားပြီး သရဲကြီးပေါ်လာတာဗျို့ မျက်လုံးကြီးတွေက နီရဲနေပြီး ပုတ်လောက်ရှိတယ်ကွ ပါးစပ်မှာလည်း နီရဲနေတာပဲ အဖိုးတို့ကျွေးထားတဲ့အမဲသားတွေကိုစားနေတာ အဖိုးတို့သူကိုမြင်သွားပြီဆိုတာလည်းသိသွားရော အနီရောင် အလင်းတန်းကြီးလှမ်းပစ်တာကွာ အဖိုးသေချာကြည့်လိုက်တော့ မျက်လုံးထဲကထွက်လာတာဗျို့ အလင်းတန်းကြီးက အဖိုးဆီပြေးလာတာအဖိုးလည်းဘာလုပ်ရမှန်းမသိတော့ဘူး ဒါနဲ့အဖိုးရတဲ့ဘုရားစာတွေရွတ်နေတာ အဖိုးနဲ့တစ်လံလောက်လည်း ကွာရော ပျောက်သွားရောကွ ဘုရားစာအစွမ်းလေကွာ ဘယ်သူယှဉ်နိုင်မှာလဲကွာ သရဲကြီးလန့်သွားပုံပေါ်တယ် အဲ့တာကိုအခွင့်ကောင်းယူပြီး အောင်ချစ်ကအင်းနဲ့လှမ်းပစ်တာဗျို့  အင်းကပြင်းတယ်ထင်တယ်ကွ အုန်း……ဝုန်း…ဆိုပြီးအသံကြီးတွေထွက်လာပြီး သရဲကြီးမီးလောင်သွားတယ်ကွ ခဏလောက်ကြာတော့ ပြာဖြစ်သွားရောကွ အဖိုးလည်းအဲ့ခါကျမှ သက်ပြင်းချနိုင်တော့တယ် အဲ့ညတော့ အဖိုးလည်း အရမ်းလည်းပင်ပန်း အရမ်းလည်းကြောက်လို့ အိပ်လိုက်တာ တစ်ရေးပဲကွာ နောက်နေ့ကျမှအောင်ချစ်ကိုမေးချင်တာတွေမေးရတော့တယ်ကွာ
"ဘကြီးဖိုး အနီရောင် အလင်းတန်းတွေ ကဘာတွေလဲဗျ"ကျွန်တော်မေးလိုက်တာဗျ "အေးကွ ငါ့မြေးရ အနီရောင်အလင်းတန်းလေးတွေက စက်လို့ခေါ်တယ်ကွ ထိတာနဲ့ထိတဲ့နေရာအပြတ်ပဲကွ"
ဟာ……အားလုံးပြို င်တူအံ့သြသွားတာဗျာ "အဖိုးသူငယ်ချင်းအောင်ချစ်က ဘာလို့အရမ်းသိနေတာလဲဗျ "သက်အောင်ကမေးတာဗျ ပူတူးကတော့ထုံးစံအတိုင်းပဲငြိမ်နေတာကွာ "အောင်ချစ်ကဘာလို့သိလဲဆိုတော့ အဖိုးနောက်မှသိရတာက အောင်ချစ်က ငယ်ငယ်ကတည်းက သင်ထားတာတဲ့ကွ"အဖိုးပြောမှပဲကျွန်တော်တို့လည်းဗဟုသုတရတော့တယ်
ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်……

Tuesday, February 5, 2019

စာရေးသူ MM

  သူခိုးကြီးညနှင့်ပေါက်ကြီးသရဲ
======================

ရေးသူ=MM

ကျွန်တော့ နာမည်က MM ကျွန်တော်နေတဲ့နေရာကတော့ ရွှေတံခါးလို့ခေါ်တယ်ဗျ ရွာလည်းမရောက် မြို့လည်းမကျတဲ့နေရာပေါ့ဗျာ ကျွန်တော်က ရာဇဖွားဗျ ဒါကြောင့်လည်း ဂမ္ဘီရ အကြောင်းတွေ လွတ်စိတ်ဝင်စားတာဗျို့  အဲ့လိုစိတ်ဝင်စားလို့လဲ ပြေးရတာ မနည်းတော့ဘူး "ဟေ့ MM ရေ ဘာလုပ်နေလဲကွ" အိမ်ရှေ့ကနေ လှမ်းမေးတာဗျ ကျွန်တော်က မန်ကျည်းပင်ပေါ်မှာဗျ အမေချက်ဖို့ မကျည်းသီး ခူးပေးနေတာဗျို့  ကျွန်တော်လည်း အသံကြားလို့လှမ်းကြည့်လိုက်တော့ ကျော်ကြီး မှန်းသိလိုက်ရတယ် ကျော်ကြီးက ကျွန်တော့ အချစ်ဆုံးသူငယ်ချင်းဗျ ဝါသနာတူတွေ ပရလောက အကြောင်းတွေလွတ်စိတ်ဝင်စားတာဗျို့  ဒါနဲ့ကျွန်တော်လည်း "ဟာကျော်ကြီးလာခဲ့လေကွာ" လို့ခေါ်လိုက်တယ် ကျွန်တော်ခေါ်လိုက်တာနဲ့ ကျော်ကြီးလည်းဝင်လာပေါ့ဗျာ ကျွန်တော်လည်း မကျည်းပင်ပေါ်ကဆင်းပီး အိမ်ရှေ့ ကွပ်ပစ်မှာ ဝင်ထိုင်လိုက်တယ် ကွပ်ပစ်ဆိုတာ သစ်ပင်ကိုအလယ်မှာထားပီး ဆောက်ထားတဲ့ ဝါးတဲလေးဗျ အရမ်းအေးချမ်းတာပေါ့ဗျာ "ဟေ့ကောင် mm ဒီနေ့အစီအစဉ်တစ်ခုရှိတယ်ကွ"ကျော်ကြီးက ပြောတာဗျ "ဘာများလည်းကွ" လို့စကားစပေးလိုက်တယ် အဲ့မှာမှစပြောတာဗျ "ဟာ မင်းကလည်း ဒီနေ့သူခိုးကြီးညလေကွာ" "အေးလေဘာဖြစ်လို့လည်း" လို့ပြန်မေးလိုက်တယ် "ဟာ မင်းမှာလည်း မေ့တတ်လိုက်တာ ဟိုတစ်ပတ်က ငါတို့သူငယ်ချင်းတွေပြောထားတဲ့ကိစ္စလေကွာ" ကျွန်တော်သဘောပေါက်လိုက်ပီဗျ
ယုန်ခိုးဖို့ကိစ္စကိုပြောတာဗျ အမှန်တော့ ယုန်ခိုးဖို့က အဓိက မဟုတ်ဘူးဗျ ယုန်တွေမွေးထားတဲ့ခြံမှာ သရဲအခြောက်ကြမ်းတယ်ဆိုလို့ သွားစုံစမ်းမှာဗျ အဲ့ဒီကိစ္စခေါင်းဆောင်ကတော့ ကျွန်တော်လေဗျာ "အေးကွ ဘယ်သူတွေလိုက်အူးမှာလဲ" ကျွန်တော်မေးလိုက်တာဗျ "ကျော်ကြီး မင်းရှာလိုက်ရတာမောလို့ မှုတ်ရှည်ရွာဘက်တောင်ရောက်ခဲ့သေးတယ်" အပြင်ဘက်က အသံကြားတာဗျို့  ကျော်ကြီးနဲ့ကျွန်နော်လှည့်ကြည့်တော့ သက်အောင်ဗျ အဲ့ကောင်က ကျွန်တော်တို့သူငယ်ချင်းတွေထဲမှာ အားကိုးရဆုံး သူငယ်ချင်းဗျို့  ဗလတောင့်တောင့် အသားမဲမဲ အရပ်ရှည်ရှည် ပုံစံဗျ "ဟာ သက်အောင်လာလေကွာလို့ခေါ်လိုက်တယ်" သူကလည်းဝင်လာပြီး ကွပ်ပစ်မှာဝင်ထိုင်တယ်ဗျ ကျွန်တော်လည်း လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းချပေးလိုက်တယ်ဗျ ဒီလိုချပေးတာလည်း ကျွန်တော်လို့ ရွာဘက်ကဓလေ့ပေါ့ဗျာ "သက်အောင် မင်းသူခိုးကြီးည အစီအစဉ်အတွက် လာတာမို့လား" လို့ ကျော်ကြီးကမေးတယ်ဗျ "အေးကွ ဟုတ်တယ် အဲ့ကိစ္စလာခဲ့တာ" "ဘယ်သူတွေပါသေးလဲ သက်အောင်" ကျွန်တော်မေးလိုက်တာဗျ "အေးကွ ရှည်ကြီးပါလိမ့်မယ် " ရှည်ကြီးနာမည်အရင်းကတော့ ရဲထက်ဗျ အရပ်ကရှည်တော့ ကျွန်တော်တို့သူငယ်ချင်းတွေကနောက်ပီး ရှည်ကြီးလို့ခေါ်တာဗျ 

"ဘယ်နှစ်ယောက်သွားမှာလဲကွ" 
 ကျော်ကြီးကဝင်မေးတာဗျို့  "အေးကွ ခြောက်ယောက်လောက်သွားမှအဆင်ပြေမှာကွ"ကျွန်တော်ပြောလိုက်တာဗျ "ဘာလို့လဲကွ လူတွေများနေမှာပေါ့"ကျော်ကြီးကမေးတာဗျို့  "မဟုတ်ဘူး ကျော်ကြီးရ သရဲအရမ်းခြောက်တဲ့နေရာသွားမှာဆိုတော့ လေးယောက်ကသွားကြည့်ဖို့ သုံးယောက်ကစောင့်ဖို့" ဒါတော့လည်းဟုတ်သားပဲကွ
"ဒါနဲ့မင်းဘယ်သူတွေခေါ်မှာလဲကွ mm ရ" သက်အောင်ကမေးတာဗျို့  "ဒါအတွက်ငါ လူစီစဉ်ပီးပါပီကွ"
"ဟေ ဟုတ်လား ဘယ်သူတွေများတုန်းကွ" "ဘယ်သူရှိမှာတုန်းကွ ငါတို့သူငယ်ချင်းတွေပေါ့ လွင်ကြီးရယ် ပူတူးရယ် ခွေးပုရယ်ပေါ့ကွ " "ပူတူးကိုခေါ်လို့ဖြစ်ပါ့မလားကွ "ကျော်ကြီးကမေးတာဗျ "သူဘာလို့မေးတာလဲ ကျွန်တော်သိတယ်လေ ဘာလို့လဲဆိုတော့ ပူတူးက နည်းနည်းထူတယ်ဗျ ထူတယ်ဆိုတာ ပြောရင် သိပ်နားမလည်ဘူးလို့ပြောတာဗျ "အေး ဖြစ်ပါတယ်ကွ သူက ထူတယ်ဆိုပေမယ့် သစ္စာရှိတယ်ကွ သူငယ်ချင်းအချင်းချင်းကူညီတယ်" ဒါတော့ဟုတ်တယ်ကွ "လို့သက်အောင်ကပြောတာဗျ

 "ဒါဆိုငါတို့ ညနေ တောင်ပေါ်မှာဆုံမယ်ကွာ"
အေးသဘောတူတယ်ကွာလို့ အတူတူပြောလိုက်ကြတယ်
ကျွန်တော်နေတာက တောင်အောက်ပိုင်းဗျ သက်အောင်ကတော့ တောင်ပေါ်ပိုင်းမှာဗျ

ညသွားရမှာက သရဲခြောက်ကြမ်းတဲ့နေရာဆိုတော့ ကျွန်တော်ပြင်ဆင်ပြီလေဗျာ ကျွန်တော်တို့သူငယ်ချင်းတွေစုဝယ်ထားတဲ့စာအုပ်ရှိတယ်ဗျ အဲ့စာအုပ်ထဲကအတိုင်း အင်းတွေ အဆောင်တွေ ဂါထာ တွေပြင်ထားတာပေါ့စာအုပ်ထဲက အချို့ ဟာတွေက ကျွန်တော်တို့စမ်းပြီးသားဗျ ဥပမာ တုတ်ပီး ဓားပီးဆေးတွေ အဆောင်တွေပေါ့ဗျာ ခင်းဗျားတို့လိုချင်ရင် ကျွန်တော်တို့ဆီကိုလာခဲ့ပေါ့ဗျာ
နေ့ခင်းကတည်းက ပြင်ဆင်တာ ညနေ သုံးနာရီမှပြီးတယ်ဗျ  ပြင်ဆင်ပြီးတာနဲ့ ရေးချိုးပြီး တောင်ပေါ်တက်ပြီလေ ကျော်ကြီးနဲ့က အိမ်ချင်းနီးတော့ ဝင်ခေါ်ပြီး တောင်ပေါ်အတူသွားတာပေါ့ တောင်ပေါ်နဲ့ကျူ ပ်အိမ်နဲဆို တစ်တိုင်ကျော်လောက်တော့ဝေးတယ်ဗျ ၁၀ မိနစ်လောက်ကြာတော့သက်အောင်အိမ်ကိုရောက်ပီလေဗျာ သူ့အိမ်က တစ်ထပ်အိမ်ပဲဗျ ပျဉ်ထောင်အိမ်ပုံစံမျိုးဗျို့  "ဟေး သက်အောင်ရေ" ကျွန်တော်တို့နှစ်ယောက်လုံး ပြိုင်တူအော်ခေါ်လိုက်တယ်ဗျ "ဟေ ဘယ်သူတွေတုန်းကွ" သက်အောင်တော့မဟုတ်ဘူးဗျ သူ့အဖေကြီး ပြောတာ "ဦးလေး သက်အောင်ရောဗျ " ကျွန်တော်မေးလိုက်တာဗျ "သက်အောင်မရှိဘူး"  "ဗျာ ဘယ်သွားလို့တုန်း ဦးလေး" ကျော်ကြီးကမေးတာဗျ
"သူရွာမှာအရေးကြီးလို့ခဏသွားတယ်" "ဟာကွာ ဘယ်လိုလုပ်မလဲ mm" " ရပါတယ်ကွာ ငါတို့ရှိတဲ့သူနဲ့ပဲသွားတာပေါ့" အေးဒီလိုပဲလုပ်ရတော့မှာတော့ ဒါနဲ့ကျွန်တော်တို့လွင်ကြီးကိုသွားခေါ်ပြီဗျို့ လွင်ကြီးကနေမှ ပူတူးခွေးပုတို့ကိုသွားခေါ်မှာဗျ " လွင်ကြီးရေ လွင်ကြီး" ဟေဘယ်သူတုန်းက လာပြီ လာပြီ "  "ငါတို့ပါကွ mm လေကွာ" အေးလာပြီ လာပြီ
သူဆင်းလာပြီဗျ "မင်းအဆင်သစ်ဖြစ်ပြီလားကွ" ကျော်ကြီးကမေးလိုက်တာဗျ " "အေးဖြစ်ပြီကွ အဆင့်သင့်ပဲ" "ဒါဆိုသွားရအောင်ကွာ" လို့ကျွန်တော်ပြောလိုက်တာဗျ "ဟေ့ကောင် mm မင်းအကုန်စီစဉ်ထားရဲ့လား" လွင်ကြီးက စိုးရိမ်တဲ့မျက်နှာနဲ့မေးတာဗျ " အေး ငါအကုန်စီစဉ်လာပါတယ်ကွ မစိုးရိမ်ပါနဲ့ " "အေးအေး ပြီးရောကွာ သွားမယ်" ပူတူးနဲ့ ခွေးပုကိုသွားခေါ်ပြီးကျွန်တော်တို့သွားကြတာပေါ့ကွာ ခွေးပုရဲ့ နာမည်အရင်းက အောင်ဇော်မင်းဗျ လွင်ကြီးနဲ့ညီကိုတော်တယ်ဗျ လွင်ကြီးက ညီပေါ့ ပူတူးရဲ့နာမည်အရင်းကတော့ လင်းထက်ဗျ ကျွန်တော်တို့စထွက်တော့ ၈ နာရီဗျ တောင်ပေါ်ကနေပဲသွားကြတာဗျ မှုတ်ရှည်သွားတဲ့ဘက်မှာပဲဗျ လမ်းကတော့ ရွာဘက်ဆိုတော့ မှောင်တော့မှောင်တယ်ဗျ  " မပူပါနဲ့ကွာ ငါ့မှာဓာတ်မီးပါ ပါတယ်ကွ" ကျော်ကြီးက အားလုံးကိုစီစဉ်လာတဲ့ပုံပဲဗျ ဓာတ်မီးသုံးလက်ပါလာတယ်ဗျ တစ်လက်ကတော့ အကြီးဗျ သုံးတောင့်ထိုး နှစ်လက်ကတော့ အသေး နှစ်တောင့်ထိုးဗျ ခွေးပုကလည်း အားကျမခံပြောတယ် "ငါလည်းစီစဉ်လာပါတယ်ကွ" "ဟေ ဘာများလဲကွ"အားလုံးပြိုင်တူပြောလိုက်တဲ့အသံဗျ "ဒါပဲကွ" သူကပြောရင်းထုတ်ပြတယ် လေသေနတ်လေးပဲဗျ ပစ်စတိုသာသာပဲရှိတယ် သူကိုယ်တိုင်ထွင်ထားတာလေးဗျ  "အားဘယ်လောက်ပြင်းလဲကွ"လွင်ကြီးကမေးတယ်"အေး ငါတို့သွားမှာက လူပြတ်တဲ့နေရာဆိုတော့ အားပြင်းတာလေးယူလာတာကွ" အေးကွာဒါဆိုဆက်သွားကြစို့ 
၉နာရီလောက်ကြာတော့ ကျွန်တော်တို့ ရောက်ပြီဗျ ယုန်မွေးတဲ့ခြံဆိုတော့မှောင်တယ်
ဗျို့ ဘာကြောင့်လဲတော့မသိဘူးဗျ ခွေးက အရှည်ကြီးအူသွားတယ် ကျွန်တော်တို့အားလုံးရှိန်သွားတာတော့အမှန်ပဲဗျ ဒါပေမယ့် သိချင်စိတ်ကကြီးစိုးနေတော့ မရောက် ရောက်အောင်သွားကြည့်တာပေါ့ဗျာ ယုန်မွေးတဲ့ခြံရဲ့ဒီဘက်မှာ ခြုံ လေးရှိတယ်ဗျ အဲ့ခြုံ လေးထဲကျွန်တော်တို့ဝင်ပြီးအခြေအနေကြည့်နေတာဗျ ခဏနေတော့ အဖွဲ့ခွဲကြတယ်ဗျ ကျွန်တော်ရယ် ခွေးပုရယ် ရှည်ကြီးရယ် ကျော်ကြီးရယ် သွားကြည့်မှာဗျ လွင်ကြီးရယ် ပူတူးရယ်ကိုအစောင့်ထားခဲ့တာဗျ သက်အောင်ကတော့မပါတော့ဘူးဗျို့ ယုန်ခြံ နားကိုဖြည်း ဖြည်းခြင်း ချဉ်းကပ်သွားတာဗျို့
ယုန်ခြံနားရောက်တော့ကြည့်လိုက်တာ ယုန် ၁၀ ကောင်လောက်ရှိတယ်ဗျို့  ဒါနဲ့နီးစပ်ရာ ယုန်တစ်ကောင်ကို ဖမ်းမယ်လုပ်တော့ ထူးဆန်းတာစကြုံ ရတာပဲဗျို့ ယုန်ကလက်ထဲရောက်တာနဲ့ ခြံထောင့်ဘက်က မဲမဲကြီးဗျို့  ကုန်းထလာတာ အစကတော့ဘာမှန်းမသိဘူးဗျ တဖြည်းဖြည်းနဲ့ ကြီးလာမှသရဲမှန်းသိတာဗျ အဲ့မှာခွေးပုက လေသေနတ်နဲ့ ပစ်တယ်ဗျ ဒါပေမယ့် ဟိုဟာကသရဲလေဗျာ ဘယ်ထိမလဲဗျ ဒါနဲ့ကျူ ပ်ကစီစဉ်လာတဲ့ ပရိတ်ရေနဲ့ခဲသီးတွေကို ဖျန်းလိုက်တယ် ခွေးပုကမောင်းချိန်တုန်းပဲရှိသေးတယ် သရဲကအော်ပြေးလာတာဗျို့ ဝူး ဝူးနဲ့ ဗျို့  ရှည်ကြီးကလည်းအော်တာဗျို့  အဲ့ချိန်မှာကျော်ကြီးက  ကျောက်ခဲတစ်လုံးကောက်ပြီး မန်းလိုက်တယ်ဗျ ဘာ ဂါထာလည်းတော့မသိဘူးဗျ ရွတ်တာကလည်း အသံနေ အသံထားမှန်တယ်ဗျာ ရွတ်ပြီးတာနဲ့တမ်းပြီး ပစ်လိုက်တာဗျို့  ဝုန်း ဆိုအသံကြီးမြည်သွားပြီး သရဲကြီးပျောက်သွားရောဗျို့  ကျွန်တော်တို့လည်း ဘာဖြစ်မလဲ စိတ်ဝင်တစားနဲ့စောင့်ကြည့်နေတာဗျို့  အား……ခြုံ ပုတ်ထဲကလာတဲ့အော်သံကြီးဗျ လွင်ကြီးနဲ့ ပူတူးအော်တဲ့အသံဗျ ကျွန်တော်တို့လည်း အမြန်သွားကြည့်တော့ ဟာ ……အားလုံးအံ့သြသွားတာဗျ သရဲကြီးဗျာ မျက်လုံးကြီးက ပုတ်လောက်ရှိတယ် အစွယ်ကြီးတွေမှဖွေးနေတာပဲဗျ အကြီးကြီးတွေပဲ လွင်ကြီးနဲ့ပူတူးတို့နဲ့ ကျွန်တော်တို့နဲ့ဝေးသေးတယ်ဗျ  အဲ့အချိန်ခွေးပုရဲ့ လေသေနတ်က အသုံးဝင်ပြီလေးဗျာ အစွမ်းကုန်မောင်းတင်ပြီပစ်လိုက်တာဗျို့ ဖောင်းခနဲ့ကြားလိုက်ရတယ် အား………ဝူး……… အားဆိုတာက လွင်ကြီးနဲ့ ပူတူးအော်သံဗျ ဝူးဆိုတာက သရဲကြီးကိုမှန်သွားလို့အော်တဲ့အသံဗျ ပရိတ်ရေအစွမ်းကြောင့်သရဲကြီးတော့ တော်တော်အီသွားလောက်တယ်ဗျို့  ခဏလောက်ကြာအောင်စောင့်ကြည့်သေးတယ်ဗျ ဘာမှထူးခြားမလာသေးဘူး ကျွန်တော်က ဆက်နေချင်သေးတယ်ဗျ ပူတူးကလန့်နေတာနဲ့ ပြန်ခဲ့တယ်ဗျ အားလုံးအိမ်ကိုတန်းမပြန်ဖြစ်သေးဘူးဗျ သူခိုးကြီးညဆိုတော့ လျှောက်သွားအူးမယ်ပေါ့ဗျာ "ဒါနဲ့ဘယ်သွားမှာလဲကွ mm ရ" ကျွန်တော့်ကို အားလုံးဝိုင်းမေးတာဗျ "အေး လေယဉ်ကွင်းဘက်သွားမယ်လေကွာ" ရွာမကျ မြို့ မကျဆိုပေမယ့် လေယဉ်ကွင်းတော့ရှိတယ်ဗျ အခုတော့လေယဉ်မဆင်းတော့ဘူးဗျ အစကတော့ ခဏ ခဏဆင်းတယ် "လေယဉ်ကွင်းဘက်ဘာသွားလုပ်မှာလဲmm ရ"ခွေးပုကမေးတယ်ဗျ "ငှက်ပျောတောတွေရှိတယ်လေကွာ"ကျော်ကြီးကဝင်ဖြေတာဗျ "အေးဟုတ်တယ်" ကျွန်တော်ပြန်ပြောလိုက်တာဗျ ဒါနဲ့ကျွန်တော်တို့ယုန်ခြံထဲက သရဲကိစ္စ ပြီးသွားပြီထင်ခဲ့တာတကယ်တော့ မပြီးသေးဘူးဗျ ကျွန်တော်တို့လမ်းလျှောက်တိုင်း နောက်ဘက်က လျှပ် လျှပ် နဲ့ခြေသံကြားရတယ်ဗျ အင်း ကျွန်တော်သိလိုက်ပြီလေ စည်းချရမှာမေ့သွားတယ် ဒါနဲ့ကျွန်တော်စည်းချမလို့ပဲရှိသေးတယ်နောက်က ဝုန်းဆိုတဲ့ အသံကြီးကြားလို့ကြည့်လိုက်တော့ စောစောကသရဲကြီးဗျို့  မျက်လုံးကြီးနီနီနဲ့ကြည့်နေတာ ဒေါသထွက်နေပုံရတယ် ဒီတစ်ခါတော့ ကျွန်တော်တို့ပြေးပြီဗျို့ ရွာပြင်ရောက်တော့ သရဲကြီးက ဆက်မလိုက်တော့ဘူးဗျ ရွာထိပ်ကနေပဲ ဝါး…ဝါး…နဲ့အော်နေတာဗျို့ ကျွန်တော်တို့ကတော့ဆက်ပြေးတုန်းပဲဗျို့  လေယဉ်ကွင်းနားရောက်မှသက်ပြင်းချနိုင်တော့တယ် ကျွန်တော်တို့သင်ခန်းစာရလိုက်တာ တစ်ခုရှိတယ်ဗျို့  အဲ့ဒါကတော့ ကိုယ့်ဘက်ကစလုပ်မယ်ဆိုရင် စည်းချဖို့ပဲဗျို့ နောက်နေ့တော့ လူငယ်တစ်စုသရဲခြောက်ခံရတယ်ဆိုတဲ့ သတင်းက ကျော်ကြားသွားတာပဲဗျို့ ဒါပေမယ့် ကျွန်တော်တို့မှန်းဘယ်သူမှတော့ မသိသွားခဲ့ဘူးပေါ့…
ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်……

စာရေးသူ MM

  သူခိုးကြီးညနှင့်ပေါက်ကြီးသရဲ ====================== ရေးသူ=MM ကျွန်တော့ နာမည်က MM ကျွန်တော်နေတဲ့နေရာကတော့ ရွှေတံခါးလို့ခေါ်တယ်ဗျ ရွ...