ဘကြီးဖိုးနှင့်သရဲခေါ်တဲ့ည
====================
ရေးသူ=MM
ကျွန်တော်မှတ်မိသေးတယ်ဗျ မနှစ်ကနွေရာသီပေါ့ဗျာ သူငယ်ချင်းတွေစုပြီးကွပ်ပစ်မှာပူံပြင်တွေနားထောင်ခဲ့တာကိုဗျာ
ကျူ ပ်တို့အရပ်ဘက်က ညဘက်ဆို ကွပ်ပစ်မှာထိုင်ပြီးတော့ ပုံပြင်တွေ ဇာတ်လမ်းတွေပြောပြလေ့ရှိတယ်ဗျ အဲ့ထဲမှာ ဘကြီးဖိုးလို့ ခေါ်တဲ့လူကြီးကတော့ ဗဟုသုတအကြွယ်ဆုံးပဲဗျ ဘကြီးဖိုးရဲ့ပုံစံက အရပ်ရှည်ရှည် အသားဖြူ ဖြူ ဗျ စကားပြောရင်လည်း အသံနေအသံထားမှန်မှန်နဲ့ပြောတာဗျ ဘကြီးဖိုး ပုံပြင်ပြောပြီဆိုရင် ကျွန်တော်အပါအဝင် ရပ်ကွက်ထဲကကလေးတွေ ငြိမ်ပြီးတော့ နားထောင်နေတာဗျ မှတ်မှတ်ရရပါပဲဗျာ မနှစ်ကနွေရာသီက ဘကြီးဖိုးပြောပြတာ သူကိုယ်တိုင်ကြုံခဲ့ရတဲ့ သရဲခေါ်တဲ့ညဆိုတဲ့အကြောင်းလေးဗျ "မင်းတို့သရဲဆိုတာကိုယုံကြလားကွ" ဘကြီးဖိုးကမေးလိုက်တာဗျ"ဟာယုံတာပေါ့ဘကြီးဖိုးရ" ကျွန်တော်တို့သူငယ်ချင်းတစ်စုထပြောလိုက်သည် "အေး ယုံရင်ငါပြောပြမယ်ကွ ငါကြုံခဲ့ရတဲ့ သရဲခေါ်တဲ့ညတစ်ညကို" "ဟုတ်ဘကြီးဖိုး" ကျော်ကြီးကပြောလိုက်တာဗျ ကျော်ကြီးအကြောင်းသိတယ်မို့လား မသိဘူးဆိုလည်း ကျွန်တော်ရေးခဲ့တဲ့ 'သူခိုးကြီးညနှင့်သရဲကြီး"ဆိုတဲ့ဝတ္ထုလေးကိုပြန်ဖတ်ကြည့်ဗျာ ငါမှတ်မိသေးတယ်ကွ လွန်ခဲ့သောဆယ်နှစ်ကျော်က ငါရယ် ငါ့သူငယ်ချင်း အောင်ချစ်ရယ်ပေါ့ကွာ သရဲခေါ်ခဲ့တဲ့ညကိုပေါ့ ငါတို့စခေါ်တုန်းကဆိုရင် ဘာမှမလာဘူးကွ အခါသုံးဆယ်လောက်ခေါ်မှလာဗျ " "ဟုတ်လား ဘယ်လိုခေါ်တာလဲဘကြီးဖိုး" ကျွန်တော်ဝင်မေးလိုက်တာဗျ ဒါမျိုးဆိုmmတို့ကဘယ်လက်လွတ်ခံပါ့မလဲဗျ "အေး မင်းသိချင်ရင် ငါပြောပြမှာပေါ့ ဒါပေမယ့် မစမ်းသပ်နဲ့နော်" ကျွန်တော်ဘာမှမပြောဘူးဗျ ငြိမ်ပဲနားထောင်နေလိုက်တယ် "ဒီလိုကွယ့် ငါမြေးတို့ရဲ့ သရဲခေါ်ဖို့ဆိုတာကြိုတင်ပြင်ဆင်ထားရတယ်ကွဲ့ ပထမ စားပွဲတစ်လုံးလိုတယ် အဲ့စားပွဲတစ်လုံးကို အင်းတွေနဲ့ သေချာစီစဉ်ရတယ် အင်းတွေဆိုလည်း မနည်းဘူးကွဲ့ မြေးတို့ရဲ့ အဘကတော့ တစ်နေကုန်တရားထိုင်နေတာပဲ အဘသူငယ်ချင်းအောင်ချစ်ကသာ အကုန်စီစဉ်ရတာ ဒီလိုနဲ့ည ၁၀ နာရီလောက်ရောက်မှ အမဲသားထုပ်ကိုယူပြီး ရွာပြင်မှာထွက်ခေါ်တာ ရွာပြင်လည်းရောက်ရော အောင်ချစ်က အမဲသားထုပ်ကို အင်းချလိုက်တယ်" ဘာလို့အင်းချတာလဲဘကြီးဖိုး ခွေးပုကဝင်မေးတယ်ဗျ ခွေးပုဆိုတာလွင်ကြီးအကိုလေဗျာ
"အင်းမဖြေပဲနဲ့ အမဲသားကိုစားခွင့်မရှိအောင်ပေါ့ကွာ"လို့ဘကြီးဖိုးပြန်ဖြေလိုက်တယ်ဗျ "ခဏနေတော့ အောင်ချစ်က အင်းချပီးသွားပီပေါ့ကွ ပြီးတော့ပါးစပ်က ရွတ်ခေါ်တယ်ကွ ဘာတွေရွတ်မှန်းတော့ အဖိုးလည်းမသိဘူးကွ အဲ့မှာအရေးကြီးတာက ခေါ်နေတဲ့အချိန်လက်တွဲထားဖို့ပဲ လက်တွဲဖြု တ်ရင်စည်းပေါက်သွားပြီး ပြေးဖို့ပဲရှိတော့တယ် အဖိုးကတော့ကြောက်လဲကြောက်ဆိုတော့ လက်ကို ကျစ်နေအောင်တွဲထားတာပေါ့ကွာ ခဏနေတော့ သူကအမိန့်ပေးပြီးခေါ်ပြီဗျ 'ဟေ့ ဒီနားမှာရှိနေကြတဲ့ ပရလောကသားတွေ ငါခေါ်နေတယ်ချက်ချင်းလာခဲ့ လာခဲ့' ခေါ်တဲ့သံကတကယ် အာဏာပြင်းတဲ့အသံမျိုးဗျ အဖိုးကတော့သူကိုမေးချင်နေတာ မင်းဒါတွေဘယ်ကသိလဲပေါ့ကွာ
ခဏနေတော့ အဘတို့အင်းချထားတဲ့အမဲသားထုပ်လှုပ်သွားတယ်ကွ အောင်ချစ်ကသိလိုက်ပြီလေ အမဲသားထုပ်လုနေကြတာကို အဖိုးကမသိတော့ မေးလိုက်တာပေါ့ 'အောင်ချစ် အမဲသားထုပ်ဘာလို့လှုပ်သွားတာလဲကွ' ဒါကအမဲသားလုနေကြတာကွ ဒါပေမယ့် ငါကအင်းချထားတော့ တော်ရုံကောင်တွေစားလို့မရဘူးကွအစွမ်းရှိတဲ့ကောင်ပဲ စားလို့ရတာ ခဏကြာတော့ ဖြတ်… ဘုတ်…ဘုတ်… အဖိုးတို့လန့်သွားတယ် ဘာလို့လဲဆိုတော့ အမဲသားထုပ်ပြေသွားတယ်ကွ ဟာ… အဖိုးပါးစပ်က ယောင်ထွက်သွားတယ် အဖိုးတမ်းပြီးအောင်ချစ်ကိုလှမ်းကြည့်လိုက်တယ် သူကတော့ အေးဆေးပဲဗျ လန့်ပုံမရဘူး ခဏကြာတော့ မောင်ဖိုးရေ မင်းရှောင်နေတော့ အဖိုးသိလိုက်ပြီလေ ပွဲကြမ်းတော့မယ်ဆိုတာ အဖိုးနောက်နည်းနည်းဆုတ်လိုက်တာနဲ့ခဏကြာတော့ အနီရောင်အချောင်းလေးဗျ မောင်ချစ်ကိုလှမ်းပစ်တာ မောင်ချစ်ကလည်း လက်ထဲကအင်းတစ်ချပ်ထုတ်ပြီး ပစ်လိုက်တာ ဝုန်း…ဆိုပြီးအသံကြီးမြည်ပြီးပေါက်သွားတယ်ဗျ အင်းကတော့ မောင်ချစ်လက်ထဲပြန်ရောက်နေပြီကွ "ဟေးမောင်ချစ်မင်း ဘာဖြစ်သွားသေးလဲ "အဖိုး လှမ်းပြောလိုက်တာကွ "ဘာမှမဖြစ်ပါဘူး မောင်ဖိုးရ အေးဆေးပါ မင်းမလာနဲ့ဦးနော် မောင်ဖိုး" "အေးပါကွ အောင်ချစ်ရ ငါမလာပါဘူး" ပြီကျခါမှ အောင်ချစ်က အင်းတစ်ချပ်နိုးပြီး ပစ်လိုက်တာဟေ့ ဝုန်းဆိုပြီး မီးခိုးထသွားပြီး သရဲကြီးပေါ်လာတာဗျို့  မျက်လုံးကြီးတွေက နီရဲနေပြီး ပုတ်လောက်ရှိတယ်ကွ ပါးစပ်မှာလည်း နီရဲနေတာပဲ အဖိုးတို့ကျွေးထားတဲ့အမဲသားတွေကိုစားနေတာ အဖိုးတို့သူကိုမြင်သွားပြီဆိုတာလည်းသိသွားရော အနီရောင် အလင်းတန်းကြီးလှမ်းပစ်တာကွာ အဖိုးသေချာကြည့်လိုက်တော့ မျက်လုံးထဲကထွက်လာတာဗျို့  အလင်းတန်းကြီးက အဖိုးဆီပြေးလာတာအဖိုးလည်းဘာလုပ်ရမှန်းမသိတော့ဘူး ဒါနဲ့အဖိုးရတဲ့ဘုရားစာတွေရွတ်နေတာ အဖိုးနဲ့တစ်လံလောက်လည်း ကွာရော ပျောက်သွားရောကွ ဘုရားစာအစွမ်းလေကွာ ဘယ်သူယှဉ်နိုင်မှာလဲကွာ သရဲကြီးလန့်သွားပုံပေါ်တယ် အဲ့တာကိုအခွင့်ကောင်းယူပြီး အောင်ချစ်ကအင်းနဲ့လှမ်းပစ်တာဗျို့  အင်းကပြင်းတယ်ထင်တယ်ကွ အုန်း……ဝုန်း…ဆိုပြီးအသံကြီးတွေထွက်လာပြီး သရဲကြီးမီးလောင်သွားတယ်ကွ ခဏလောက်ကြာတော့ ပြာဖြစ်သွားရောကွ အဖိုးလည်းအဲ့ခါကျမှ သက်ပြင်းချနိုင်တော့တယ် အဲ့ညတော့ အဖိုးလည်း အရမ်းလည်းပင်ပန်း အရမ်းလည်းကြောက်လို့ အိပ်လိုက်တာ တစ်ရေးပဲကွာ နောက်နေ့ကျမှအောင်ချစ်ကိုမေးချင်တာတွေမေးရတော့တယ်ကွာ
"ဘကြီးဖိုး အနီရောင် အလင်းတန်းတွေ ကဘာတွေလဲဗျ"ကျွန်တော်မေးလိုက်တာဗျ "အေးကွ ငါ့မြေးရ အနီရောင်အလင်းတန်းလေးတွေက စက်လို့ခေါ်တယ်ကွ ထိတာနဲ့ထိတဲ့နေရာအပြတ်ပဲကွ"
ဟာ……အားလုံးပြို င်တူအံ့သြသွားတာဗျာ "အဖိုးသူငယ်ချင်းအောင်ချစ်က ဘာလို့အရမ်းသိနေတာလဲဗျ "သက်အောင်ကမေးတာဗျ ပူတူးကတော့ထုံးစံအတိုင်းပဲငြိမ်နေတာကွာ "အောင်ချစ်ကဘာလို့သိလဲဆိုတော့ အဖိုးနောက်မှသိရတာက အောင်ချစ်က ငယ်ငယ်ကတည်းက သင်ထားတာတဲ့ကွ"အဖိုးပြောမှပဲကျွန်တော်တို့လည်းဗဟုသုတရတော့တယ်
ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်……
No comments:
Post a Comment